Contact Info:
ဓါးသံလှံသံ တညံညံကြားမှာ…
ခင်ဗျားက ညာလက်ကို
ခါးဆီ ရွယ်လိုက်လို့
ကျုပ် လက်အစုံလည်း လေထဲ မြှောက်လိုက်မိ…။
တီးသံ ဆိုသံ တလျင်လျင်ကြားမှာ…
ကျုပ်က ငေးသီနေတုန်း
ခင်ဗျားစိတ် ခင်ဗျားကိုယ် နဲ့လည်း
ဝင်္ကန္တ အနိုင်ဆုံး မျက်လှည့်ကို ပြမိ…။
မရည်ရွယ်ဘဲ ဖြစ်နိုင်တယ် ဆိုပြီး
သီချင်းတစ်ပုဒ် တော့ ရှိခဲ့ဖူးတယ်…
ဘယ်သူ့ဘယ်သူမှ
အမှတ်သညာသာ မထားကြစို့နဲ့ ဗျာ…။
မှောင်နေတဲ့ မြို့ကြီးမှာ
ခင်ဗျားက လမ်းမှားအတိုင်း ၀င်လာသလို
ကျွန်တော်ကလည်း…
လမ်းမှန်ကို ဦးစားမပေးတတ်ခဲ့လို့သာ
ပုခုံးချင်း ၀င်တိုက်မိကြတာရယ်…
မိတ်ဆွေ…
ဒါဟာ…
တခုတ်တရ နိုင်လွန်းတဲ့ ရေစက်’ လို့သာ တွေးပြီး
လာ… လက်ဆွဲ နှုတ်ဆက်ကြပါစို့ဗျာ…။ ။
14th October 2009
December ရောက်ခါနီး မန္တလေးကို ပြန်ဖြစ်ခဲ့ပါတယ်။ မထင်မှတ်ထားပါဘဲ… သူမရဲ့ အသက်ရှူသံ
ခေါင်မိုးအောက်ကို ပြန်ရောက်ဖြစ်ခဲ့ရဲ့။ သူမက တနံတလျား လမ်းတွေ အကြောင်းကို ပြောပြပါတယ်။
Civilization Big Bang ဆိုတာ ကြုံထားဖူးပြီပဲဗျာ…။ သိပ်တော့ မအံ့သြမိတော့ပါဘူး…။
Read more…
အေးဗျာ…
ပြောဖို့ကျန်တာက…WARCHIEF နဲ့ ကျွန်တော် ပထမဆုံး သိကျွမ်းခင်မင်ခဲ့ ကြတယ် ဆိုတာရယ်…၊
သူကမှ တစ်ဆင့် ကျန်တဲ့ ကျွန်တော့် Hero တွေကို ပေါင်းဖြစ်ခဲ့တယ် ဆိုတာရယ် ပေါ့။

January မှာ ကျွန်တော့် အစ်ကို တစ်ယောက်က စင်္ကာပူ ကို ထွက်သွားတယ် ခင်ဗျ။ ကျွန်တော်လည်း
အပြင်ကို သိပ်ထွက်ချင်တာပဲဗျာ…။ အသိုက်မေ့ ငှက်တစ်ကောင်လို နေပျော်တတ် တာတော့ မဟုတ်ရ
ပါဘူး…။ အနောက်ကျကြီး နောက်ကျနေတဲ့ ကျွန်တော့် ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရေး
အကြောင်းတရားတို့ အပေါ် အမေတို့ကို မြန်မြန် စိတ်ချမ်းသာစေချင်လို့ပါ။
Read more…
ကျွန်တော် အိမ်နဲ့ ခွဲရဦးမယ်ဗျာ…။ တကယ်တော့ … ကျွန်တော်က FAMILY LIFE ဆိုတဲ့
အေးအေးချမ်းချမ်း ရွေ့နေရသော GRAPH ပုံစံ သိပ်ရချင်တာ…။ ဒါပေမယ့် ဒီနှစ်တွေ ထဲ
ကျွန်တော့် အချိုးအကွေ့တွေက ကွန်တိုမျဉ်းတွေလို အတွန့်အခေါက် များခဲ့ပေါ့ …။
ကျွန်တော်ကလည်း မိုက်မိုက်မဲမဲ တွေးဖြစ်ခဲ့တဲ့ အစဉ်တွေ ရှိခဲ့တာကိုး…ဗျ။
ကိုယ်ကိုယ်တိုင်က ရုပ်ဝတ္ထုတွေအပေါ် သိပ်ပြီး အလေးမထားတတ်သလို ဘယ်လိုနောက်ခံ
ဆက်တင်မျိုးပဲ ဖြစ်ဖြစ် တွဲလက်တွေ မြဲခိုင်လိမ့်မယ် လို့ ကျွန်တော့် နှစ်ကာလတစ်ချို့ နဲ့
ကောင်းမြတ်ခြင်း တစ်ချို့ကို လောင်းကြေးထပ်ပြီး ကစားကြည့်ခဲ့တာမျိုး…။
ထုံးစံအတိုင်းပါပဲ…။ ကံကြမ္မာ နဲ့ လောင်းတဲ့ ပွဲမို့ ကျွန်တော်ပဲ ရှူံးတယ်…။
နှစ် နဲ့ ချီတဲ့ သံယောဇဉ်ရယ်… တစ်စုံတစ်ခုသော အတိုင်းအတာအထိ ချည်နှောင်ထားခဲ့ပြီး
ဖြစ်တာရယ် လောင်းကြေးဖွင့်တဲ့ ပုံစံအရပြောမယ် ဆိုရင် LEVEL (အရှူံး) ပေါက်နေသလို မျိုးပေါ့ ။
အဲ… သရေ ဆိုရင်တောင် ကိုယ့်ဘက်က နိုင်ပြီ ဆိုတော့ ကျွန်တော်လည်း လောဘတက်မိတာပေါ့ဗျာ ။
တစ်ခုပဲ လွဲသွားတာက ဆုံးရှူံးဖို့ မဖြစ်နိုင်တဲ့ အရာ တစ်ချို့ကို လောင်းကြေးအဖြစ် တင် ထပ်မိခဲ့တာ ။
အေးဗျာ…၊
အဲလိုနဲ့ပဲ… ၂၀၀၆ ဇွန်လမှာ ကျွန်တော် အစွဲအလမ်းထားတဲ့ မန္တလေးမြို့ကြီး နဲ့ တစ်ချို့ကို ထားခဲ့ပြီး
သူတစိမ်းတွေချည်း ရှိတဲ့ ဒေသတစ်ခုဆီ ထွက်လာခဲ့ ပါတယ်။
မြို့တော်ကြီးကိုရောက်စ ရေခံမြေခံ အပြောင်းအလဲနဲ့ အသားကျအောင် အတော် ကြိုးစားခဲ့ရသေးတယ်
ခင်ဗျ…။ တစ်ခါတစ်ခါ Bus မှားစီးမိလို့ မြို့ပတ်မိခဲ့တာတွေ…၊ ဈေးမမေးဘဲ မှာစားပြီးမှ အားနာပါးနာ
နေ့ဖို့ညစာ မကျန်အောင် ရှင်းပေးခဲ့ရတာတွေ…၊ လူတစ်ချို့ရဲ့ ထီဖွင့်သလို… မက်လောက်စရာ ဆုကြေးနဲ့
ကံစမ်းပွဲတွေ မှာ မလည်ရှုပ် ၀င်လုပ်မိလို့ ခဏခဏ ရယ်ပွဲဖွဲ့ခံခဲ့ရတာတွေ… စုံလို့ပါပဲ…။
သီတင်းကျွတ်၊ တန်ဆောင်မုန်းလောက်ရောက်တော့…
ခင်ဗျားတို့ မှာလည်း ရှိတတ်တဲ့ လက်ဆယ်ချောင်းချိုးလောက်စရာ ရင်ဘတ် မိတ်ဆွေ ဆိုတာမျိုးတွေ
(ကုလားဖြူဘာသာစကားနှင့် မည်သို့ခေါ်သည်ကို မေ့နေပါသဖြင့် မဖော်ပြနိုင်ပါ။) ရခဲ့တယ် ခင်ဗျ…။
ထူးထွေသည့် အံ့ရာသော…ပေါ့ဗျာ။
ဒီကောင်တွေက ကျွန်တော့်ကို တကယ် ဖေးမခဲ့ကြတာ ခင်ဗျ…။ ပထမတော့ ကျွန်တော်ကလည်း
‘ရွာက ဘကြီး ဘုန်းကြီး က မှာလိုက်တယ်… ရန်ကုန်မှာ လူလိမ်တွေ သိပ်များတယ် ဆိုပဲ…’ ဆိုတဲ့
အတွေးမျိုးနဲ့ ပေါ့ ဗျာ…။
ဒါပေမယ့်… အဲလိုမဟုတ်ဘူး ဗျ။
နေရာဒေသ နဲ့ သိပ်ဆိုင် လှတာ မဟုတ်ဘူးရယ်…။
ဟိုဗျာ… ဘယ်လိုမှ မအပ်စပ်တဲ့ နွံမှာတောင် ပတ္တမြား ဆိုတာ ရှိတတ်သလိုမျိုးပေါ့…။
အရိုးခံအတိုင်း သိပ်ရှိတတ်တဲ့ ငနဲတွေကို တွေ့ခဲ့ရော… ဆိုပါတော့…။
ကျွန်တော့် တသီးပုဂ္ဂုလ အမြင်အရတော့ သူငယ်ချင်းကောင်းတွေက ကိုယ့်ဘ၀လေး ပိုလှလာအောင်
ထောက်ပံ့ကူညီပေးတတ်ကြသလို…၊ သူငယ်ချင်းဆိုးတွေက လူကြားသူကြားထဲ ကိုယ့်စိတ်ထားလေး
ပိုပြီး သဟဇာတ စပ်ဟပ်လာအောင် လုပ်ပေးသွား တတ်တယ်ပေါ့…။
ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် သူငယ်ချင်းဆိုတာကို အစတည်းက ခင်မင်တတ် လွန်းတဲ့ ငနဲမို့လည်း ဖြစ်ချင်
ဖြစ်မှာပေါ့လေ…။
(စကားလုံးတွေအပေါ် သောက်ညင်မကတ်သေးရင်ဖြင့်
2007 ကို ဆက်လက် ဖတ်ရှုပါရန်…)
11th October 2009
တစ်စုံတစ်ယောက်ကို ညာတော့မယ် ဆိုရင် ကိုယ့်ဝိဥာဉ်ကိုပါ ရောပြီး လိမ်ထားဖို့၊ မုသားဆိုတာ
ပြေပြေပြစ်ပြစ် ရှိပါစေ လို့ ပညတ်ထားခဲ့ဖူးရဲ့…။ ဒီရက်တွေ ထဲ ရိုးသားခြင်းတွေချည့် စဉ်ဆက်မပြတ်
တွေ့လာ…၊ တစ်ခု မဟုတ် တစ်ခု မှားနေကြတာပါပဲ ဆိုတာ မှားခဲ့ ပြီလား…?
ကိုယ့်အနားမှာ ဘယ်သူမှ မရှိစေချင်တယ် တကယ် သေချာမှ…။
မနက်ဘက် နိုးလာ…၊ အိပ်ရာဝင်…၊ ခြင်ထောင်အမိုး ဆီမှာ… ငါသာ ပိုပြီး သိမ်ငယ်သွားသလို…။
ဒီဘက်ခေတ် လူ့ဘောင်မှာ အနေအထိုင် မတတ်ခဲ့တဲ့ ငနဲသား ဖြစ်သော ကျွန်တော် ဟာ…သူမ ရဲ့
ချစ်ခြင်းမေတ္တာ သံတိုင်ကြားက လွတ်မြောက်စ ပေါ့…။ စိတ်ထဲ… အာရုံသက်ရောက်ရာ အတိုင်း
ရေသစ်မြေသစ် အိပ်မက်အသစ်တွေ နဲ့ ၂၀၀၆ ကို နှုတ်ဆက်ခဲ့ပါတယ်။
မေတ္တာတရားစစ်စစ်ချည်း နားလည်တဲ့ ရန်ကုန်သား သူငယ်ချင်းအသစ်တွေ နဲ့ မအူပင် ည ကိုလည်း
လေထဲ… HEATHER GATE BOTTLE လွှင့်ဝဲပြီး… 12:00 AM ကို စောင့်ခဲ့ကြတယ်။
Read more…
တချို့တချို့သော စီးမျောပုံတို့မှာ
စိတ်ကို မှတ်တဲ့ အဘိဥာဉ် ပျောက်ရှခဲ့
ဘ၀ထဲ…..
ချွေးစို့ချိန်မှာ မြင်တွေ့ချင်သော အပြုံးဆိုတာ
တွေးတောခွင့် မရှိတော့တဲ့ ကောင်းချီးပေးမှု တစ်ခု…။
ကျင့်ဝတ်တွေ အကြောင်းပဲ ပြောကြပါစို့ရဲ့လေ…
ချိတ်ဆက်ထားပုံကတော့ လှလွန်း
ထိန်းချုပ်ထားတယ်ဆိုလည်း
ဘယ်တော့မှ လွှတ်ခနဲ ဖြစ်မသွားဖို့
အရှင်းမြင်ရမယ့် အမြင်ရှင်းတဲ့အခါကျရင်သာ
ငါ့သို့ ပြုံးသော အပြုံးမှာ
ဂရုဏာ သက်ခဲ့ကြောင်း ပေါ်လွင်လိမ့်…
ဒီလိုနဲ့ပဲ ပြီးရမယ့် သာမန်ကိစ္စတစ်ခု ပါပဲကွဲ့…
ဘယ်တော့မှ မဖွင့်ဟဖို့
ဘယ်တော့မှ မရှင်းပြဖို့
ဘယ်တော့မှ မလှစ်ဟဖို့
ဘယ်တော့မှ မလုပ်အပ်လို့
နောက်ဆုံး…..
ထွက်သက်မှာ အဖျားခတ်သောလေ အပါအ၀င်
တစ်စွန်းတစ်စမှ မရိုးမသား မရှိဖို့။ ။
PM 10:30, 10th September 2008
သတိရတယ်… ဆိုတာက
တွေးမိတိုင်း သိနေတဲ့ ဝေဒနာပေါ့…
ရွာ့ပြင်ရောက်မယ်ပြောတဲ့ အမှန်တရားတွေ
အများနဲ့ ဆန့်ကျင်ပြီး
ငါတော့ တစ်ခါတစ်ခါ ရိုးသားဆဲ
ကိုယ့်ကိုယ်ကိုမှ ပြန်ရှင်းပြနေရရင်
ဘယ်လို အားခွန်နဲ့ ထိန်းကျောင်းကြမတဲ့လဲ…..
ခက်တယ်…
လူ့ဘုံထဲ လာပြီးဖြစ်တာကိုက
အထားအသို မှားနေခဲ့သလိုလို
ဘယ်သူတစ်ယောက်ကိုမှ
အခြေအတင် မပြောလိုတဲ့အခါ
မင်းပဲ
ငါ့ကို နှစ်သိမ့်ဖို့ရာ
တရံမလပ် မျှော်တွေးနေတတ်တာ
ဘာကြောင့်ပါလဲ…။ ။
21st August 2009
လင်းလဲ့ဖြာသော ရောင်ခြည်ရဲ့အစမှာ
ဆယ်စုနှစ် နှစ်ခုသုံးခုစာ
တောက်ကျူးလာခဲ့ပါပြီလို့
ကြယ်ကလေးက တွေးထားပါတယ်…
ခက်ရိုင်းတွေ နွယ်သင်ဖို့တော့ ရှိအပ်
ဘယ်လို အလင်းအပြ နဲ့မှ မနွေးဖျစေလို
ည´ဆိုတာသာ မမေ့လိုက်ပါနဲ့
ရွေးချယ်စရာတွေတော့ ရှိတတ်တာပဲ
ဒီဘက်က ကမ်းတဲ့လက်မှ
အမှောင် ဒါမှမဟုတ် လင်းပ
ဒီလိုတော့လည်း မဟုတ်ရပါဘူး။
လှော်ပြီးခတ်တဲ့ လှေချည်း
ရွက်´စမ်း လေ´မှန်း ပြီး နှင်ကြတဲ့ အခါ
ပဲ့ထိန်းပေးမယ့် တစ်နေရာ
တက်မ အလှည့်အနွဲ့ အစုံမှာ
ဒီလက်တစ်စုံကိုပဲ ယုံကြည်နေတတ်တာမျိုး…..















